Uncategorized

Murakamist: The faded shadows

ဘဝဆိုတာကကိုယ့်လိုတချို့ အတွက် 
ပျင်းစရာခရီးရှည်တစ်ခုပဲလေ
အဖော်မပါတယောက်ထဲဆိုတာထက်
တသက်လုံးပါဆိုတဲ့ ခေတ္တခရီးဖော်တွေ
ဖောက်ဖြဲလို့ ပေါက်ပြဲခဲ့တဲ့ အပေါက်တွေကို 
စနစ်တကြချုပ်ယူခဲ့သယ်ဆောင်ခဲ့ရ
မှတ်ညဏ်တွေ အမာရွတ်တွေနဲ့ 
ဒဏ်ရာအသစ်တွေဟာတော့ 
သွားလေရာပါခဲ့လေရဲ့
ပျော်စရာနေ့တွေ ဝမ်းနည်းမှုတွေနဲ့ 
လူရာဝင်မှုတွေ အပယ်ခံ ဘဝ 
ဒါမျိုးကတော့ ဒို့အကုန် ကြုံနေကြပါပဲလေ
ကမ်းခြေဘက်က နေထွက်လာတဲ့အလှတရား
စေတီအိုတွေပေါ်က သမိုင်းတိုင်းရဲ့ အဆုံးသတ်
နေဝင်ချိန်တွေကို အသေအခြာ ခံစားနိုင်ခဲ့ရဲ့
ငါတို့ဟာ
သက်ဝင် ယုံကြည်မှု ကိုတွေ့တဲ့ အခါ
သံသယကို ရွေးချယ်ခဲ့ကြ 
သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ ကိုတွေ့တဲ့အခါ
ခွဲခွာခြင်းကို ရွေးချယ်ခဲ့ကြ 
နောင်တဆိုတာနဲ့ တွဲပြီး ဒီအကြောင်းတွေလည်းမပြောချင်ခဲ့ပါဘူးလေ
တောင်တန်းတွေ ရဲ့ အလှတရား
ရွှေရောင် ကမ်းခြေတွေအကြောင်း
အသေအခြာ ထုစစ်ထားတဲ့ ဘုရားစေတီ 
တချို့ရဲ့သမိုင်း 
မှတ်ညဏ်တွေတိုင်းဟာ ဓါတ်ပုံတွေသာဆို
အမြဲတမ်း ငါတို့တယောက်ပဲပါခဲ့မှာအသေခြာပဲ
ဘာလင်တံတိုင်း ရောမမြို့ခုံရုံး ရဲ့နေဝင်ချိန်
မိသားစုမပါ တစ်ယောက်ထဲ ထိုင်ကြည့်ခဲ့တဲ့
Disney ကမ္ဘာရဲ့ ညအချိန် မီးရှုးမီးပန်းတွေအလှ
ရာစုနှစ်တွေရဲ့ သမိုင်း အကုန်ဟာ ပြိုလဲကွဲ
အဲ့ဒိအကြောင်းတွေ ရေးခဲ့ပေးမဲ့ 
အိပ်ရောက်အောင် မပို့ဖြစ်ခဲ့တဲ့ စာတွေ
မွေးနေ့တွေဟာ သာမန်နွေနေ့တချို့လိုပဲ 
ခပ်မြန်မြန်ကုန်ဆုံးခဲ့
ပီဇာ ဘီယာနဲ့ ကုန်ဆုံးနေကြ 
ကျေးဇူးတော်နေ့ရဲ့ ညနေစာ
ဟော်တယ်ခန်းထဲက 
ခရစ်စမတ် အကြို ညနေ
ကိုယ်မသိတဲ့ သူစိမ်းတရံတွေ အပြည့်နဲ့ 
နှစ်သစ်ကူး ည
စိတ်တွေဟာ ခန္ဓာထက် အိုမင်းနေခဲ့
ကြည့်မှန်ထဲမှာပဲ စီးကျနေတဲ့ မျက်ရည်
ပင်လယ် ထင်ခဲ့တဲ့ တံလျှပ်တွေက သက်သေ
မျှော်လင့်ချက်မဲ့စွာ ငေးနေတဲ့ကောင်းကင်ဟာ 
အဖြေတွေ ရွာချပေးဖို့ ပျက်ကွက်ခဲ့ 
ဘဝဟာ အချိန်ရဲ့ ခရီးရှည်တစ်ခုပါပဲလေ…
Uncategorized

#SomeScars: Heroin

တစ်ခါက Redbull သောက်ပြီး High ဖြစ်နေတက်တဲ့ ကောင်မလေးတယောက်ကို တော်တော်လေးချစ်ဖူးတယ်။
ကတိတွေအကုန် ပျက်(ဖြတ်)သွားတဲ့နောက်
ကိုယ့်အတွက်ကျန်ခဲ့တာ ဘိန်းမဲကို
အစိမ်းလိုက်မြိုချတောင် high မဖြစ်တော့တဲ့ ဒဏ်ရာပဲ။

Uncategorized

#Chapters: Empty inside

ဘဝရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ ရန်ကုန်မြို့ကြီးရယ် ငါဖျားဆဲ… ~ ဟန်ထူးလွင်

Horror စာအုပ်တွေ Ghost Fiction Drama ရုပ်ရှင်တွေ စာအုပ်တွေ စမယ်ဆို၊

“ကျွန်တော့်ဘဝက တော်တော်လေး ရှုပ်ထွေးနေတယ်ပဲပြောရမယ် ဘာလို့လဲဆို
ကျွန်တော် ဘာလို့ဒီနေရာရောက်နေလဲတော့ မမှတ်မိဘူး ဒါပေမဲ့ ကျွန်တော့်
အလောင်းဘေးမှာ အမေ ငိုတာ ကို ရပ်ဖို့ပြောနေတာ အတော်ကြာပြီ ကျွန်တော်
မသေပါဘူးဆို၊ အမေရာ မငိုပဲနဲ့ သားရှိသေးတယ်ကနေ လက်စားချေစရာရှိတာချေရမယ်၊
ရတနာ သေတ္တာအကြောင်းကို တစ္စေတွေ ဝိညဉ် တွေ မြင်ရတဲ့
မင်းသမီးချောချောလေးစီသွားမယ်၊ အမေ့ကိုပြောပြမယ် ဇာတ်သိမ်းမှာ
နိုင်ငံခြားကားဆို ကောင်းကင်ကအလင်းတန်းကြီကျလာမယ် မြန်မာရုပ်ရှင်ဆို
ဘုန်းကြီးတွေအမျှဝေမယ် အမေလှမ်းကြည့်တဲ့အချိန် ပြုံးပြပြီး ပြောက်သွားရမယ်။


But ဒါက ကျွန်တော် ဘယ်လိုဆုတောင်းတောင်း စိတ်ကူးယဉ် ဆန်ဆန် ပုံပြင် ဝတ္ထု
ဇာလမ်း တပုဒ် တကယ်မဖြစ်နိုင်တာတော့ အသေခြာပဲ။ အပေါ်က
ဟာတွေဘာလို့ပြောနေတာလဲဆိုတော့ အဲ့ဒိလို
ခပ်ဆင်ဆင်တူပြီး လုံးဝ ကွဲပြားတဲ့ ကိစ္စတစ်ခုကို
ကျွန်တော်ရင်ဆိုင်နေရတာပါပဲ။ လူတွေက သေခြင်ယောင်ဆောင်တက်ကြတယ် လွယ်တယ်
လှဲနေမယ် အသက်အောင့်ထား မျက်လုံးပိတ်ထားမယ် ခိုးမကြည့်နဲ့ ဒီလောက်ပဲ။
ဒါပေမဲ့ ကျွန်တော်က ရှင်ခြင်ယောင်ဆောင်နေရတာပဲ။ အတော်ခဲယဉ်းတယ်တယ် ဒီကိစ္စက။

လွန်ခဲ့တဲ့၂နှစ်ခွဲလောက်ကလို့ပြောရမယ်
ကျွန်တော် အိပ်ခန်းထဲက Toilet မှာအတော်
ကြိုးကြိုးစားစား စီမံထားတာ၊ ဒီစီမံချက်အစမှာ Forever ဆိုတဲ့ TV Series
တစ်ခုကို တော်တော်သေသေခြာခြာကြည့်ရတာ၊ ဇာတ်လမ်း က ထဲက Dr Mogan က
သူကမသေနိုင်တာ ဘယ်လိုသေသေ သူက ချောင်းမြစ်တခုခုမှာ အဝတ်ဗလာနဲ့
နိုးနိုးလာတဲ့ Immortal တယောက်က သူသေနိုင်ဖို့ နည်းလမ်းရှာရင်း
သေမှုသေခင်းတွေနဲ့ နာကြင်မှုကို Research တစ်ခုလိုလုပ်နေတာမျိုး။ ဥပမာကွာ
ရေနစ်သေတဲ့လူက ဘယ်နှမိနစ်က ရုန်းကန်မယ်၊ ဘယ်နှမိနစ်ကြ အသက်ရှူရပ်မယ် နောက်
ဘယ်နှမိနစ်ရောက် ရင်တခုခု ပြိုကွဲသွားသလို ခံစားချက်မျိုးနဲ့ သေတယ်ပေါ့
တကယ်လဲကြည့်ကောင်းတဲ့ Series တခုဖြစ်ပေမဲ့ ABC network က ပထမ Season
အဆုံးမှာပဲ Cancel လုပ်ခဲ့ပါတယ်။ တချို့အရာတွေက ဒီ
ကမ္ဘာမှာ လှပပေမယ့် ရှင်သန်ခွင့်မရကြဘူး။ ထားပါဒါက စကားကြုံလို့ပြောဖြစ်တာ။

ဒီတော့ ကျွန်တော်က သေမှုသေခင်းအတွက် အသေအခြာကို ပြင်ဆင်ခဲ့တာ၊ လက်မှာတောင်
ကိုယ်တကယ်သဘောကြပြီး သူ့တို့ကိုသူတို့ သတ်သေသွားကြတဲ့ Kurt Cobain တို့
Marilyn Monroe တို့ Hemingway ကတော့  အသေအခြာပဲပါတာပေါ့ တကယ်ကြွေတာကိုး သူတို့ပုံတွေနဲ့ quotes တချို့ကို tattoo သွားထိုးလိုက်သေးတယ်။ ဆိုတော့က သေမယ်ဆိုလဲ တကယ့်အသေခြာပြင်ဆင်ပြီးသားကိုယ်တွေက
ကြိုးကွင်း အဆင်သင့် နေရာ အိပ်ခန်းထဲက toilet ၊ ကျွန်တော့အိမ်မှာက
အမေတို့အဖွားတို့က တံခါးခဏခဏခေါက်တာဖြစ်ဖြစ် တခါလဲ ဇွတ်ဖွင့်ဝင်လာတက်တော့
Privacy က တကယ်ကိုအားနည်းတာ။ အဆင်သင့်ပဲ စပြီ
လည်ပင်းမှာကြိုးကွင်းစွပ်တော့ ပြီးလိုအပ်တဲ့ procedure အကုန်လုံးပြီးတော့၊
ပထမဆုံး စက္ကန့်၃စက္ကန့်လောက်ကတော့ ဘာမှသိပ်မထူးပေမဲ့ နောက်ပိုင်း
ပထမဆုံးစပြီး မျက်နှာပေါ်မှာလိုလို နားထဲကလိုလို လေတွေထွက်ပြီး
အန်းတန်းတန်းကြီးနဲ့ နောက် ၅စက္ကန့်လောက်နေတော့
ပျို့တက်လာရော၊ နောက်တကယ်လျှာက အလိုမတူပဲထွက်လာတယ်၊ ဆွဲကြိုးချသေတာ
လျှာထွက်တော့ ပြောင်ပြတယ်ဆို ပါးချလိုက်တယ်ဆိုတဲ့ ပျက်လုံးက အဲ့ဒိခဏမှာ
တကယ်မရယ်ရတော့ဘူး
နောက်ဆုံးစက္ကန့်မှာ တကယ် Brief of the time ပေါ့လေ အချိန်လေး စက္ကန့်တိုင်း
(milliseconds တခုခြင်းစီအထိ) ခံစားချက်၂မျိုးက တပြိုင်ထဲ ရနေတာ တဖက်က void
ပေါ့ အမှောင်ထုတစ်ခုလိုလို ဗလာနယ်တစ်ခုလိုလို ထဲကို
တစခြင်းစီပဲပါသွားနေသလိုခံစားရပြီး၊ တခြားတဖက်က ကိုယ်ချစ်တဲ့လူတွေ
(လူတွေဆိုတာထက် လူ၂ယောက်ပါ) အမေနဲ့ (တစ်ဘဝစာ အတူအရွယ်အိုတဲ့ထိအတူနေမယ်ဘာညာ
ကတိ တွေထားထားတဲ့တယောက်) သူတို့ကလဲ ကျွန်တော့် တစိတ်တပိုင်းကို
ပြန်ဆွဲယူနေသလိုပါပဲ 
နောက်တော့ အတွေးတွေ… နောက်တော့ ကျွန်တော့်ကို မေတ္တာတရားကို ငွေကြေးလုပ်ရောင်းပြီး ဒီကြိုးကွင်းထဲပိုအရောက်ပို့ထားတဲ့လူတွေကပဲ တပြန်
အမေ့ကို အပြစ်တင်မဲ့ကိစ္စ၊ အဲ့ဒိလောက်ထဲမှာတောင် ဘယ်သူများ ကိုယ့်အတွက်
လေထဲက ဖယောင်းတိုင် (Candle in the wind) သီချင်းဆိုမလဲ ဘယ်သူကများ
ဘယ်တော့မှမမေ့ဘူး သီချင်းသံ ကြားရရင် မျက်ရည်ဝဲမလဲ စဉ်းစားသေးတယ် ထားပါ
နောက်ဆုံးစက္ကန့်လိုလိုမှာပဲ ကိုယ့် ချစ်ခြင်း နဲ့ လုံးဝပြောက်ကွယ်သွားမှု
(oblivion ပေါ့) ဟာ နာကျင်မှုပဲလို့ခံစားလာရပြီးနေမယ်လို့ဆုံးဖြတ်ပြီး စတင်ရုန်းကန်တော့တာပဲ။

ပထမဆုံး လက်နဲ့ခေါင်းပေါ်ကကြိုးကိုဆွဲပြီး လည်ပင်းကကြိုးကို လျော့နိုင်ဖို့ကြိုးစားတယ်
နောက် ကံကောင်းခြင်တော့ လက်ကချည်ထားတဲ့တန်းကိုမှီနိုင်တော့ ပထမဦးဆုံးခိုတယ် လည်ပင်းကကြိုးဖြည်တယ် လက်တဖက်နဲ့ ပြန်ကျကျခြင်း အသက်ကိုမှန်မှန်ရှူဖို့ကြိုးစားတယ်
လက်ကောက်ဝတ် နဲ့လည်ပင်းတို့မှာ ပွန်းပဲ့ဒဏ်ရာတွေရတယ်၊ စိတ်ငြိမ်ဆေး နဲ့
ဒိုင်ယာဇီပန် (aka alprazolam) နဲ့ စိတ်ငြိမ်ဆေး ၅လုံး ၆လုံးလောက်
သောက်ချပြီး အိပ်လိုက်တယ်။

အိပ်ယာနိုးတော့ နောက်နေ့ ညနေစောင်းပြီ၊ မနေ့ညက ကိုယ့် အဖြစ်အပျက်ကို 
American got talent တို့ ဘာတို့လို Show တခုခုလို့သဘောထား ပြီး Jesus
Chris တို့ The prophet Mohammad တို့ The Lord Buddha (သူ
နိဗာန်စံသွားတယ်ဆိုတဲ့အကြောင်းငြင်းမယ်ဆိုလဲ ဝုခုန်းကားထဲက နတ်တွေကွာ)
သူတို့ထိုင်ကြည့်နေမယ် လို့တော့ မထင်ပါဘူး။ ဒါဟာအတော်
လူသားမဆန်မဲ့ကိစ္စတစ်ခု ဖြစ်လို့ပါ၊ အရွှန်းဖောက်ပြီးပြောမယ်ဆိုပေမဲ့ ဒါဟာ
တကယ့်ကို လူသားတယောက်ရဲ့ ဘဝတခုလုံး ရုပ်ပိုင်း၊ စိတ်ပိုင်း
အကုန်လုံကြေကွဲသွားတဲ့ကိစ္စတစ်ခုပါ။

အမေနဲ့သူဟာ ကျွန်တော့်ကို မိုးပျံပူဖောင်းလေးလို လွင့်ထွက်မသွားဖို့
ဘဝကိုချည်ခဲ့တဲ့ကြိုးတွေပါပဲ၊ ရှင်သန်မှုဟာ မကွယ်ကူခဲ့ပါဘူး ဒီကိစ္စတွေ
အလွန်မှာ အမေဟာ အမေပီသစွာပဲ ကျွန်တော့် နာကျင်မှုတွေကို မျှယူခဲ့ပါတယ်၊
အခုတော့ မုန်တိုင်းတွေစဲ သွားတဲ့ကောင်းကင်လိုပါပဲ အင်မတန်လှပနေ နိုင်ပါတယ်။
ဒါပေမဲ့ မုန်းတိုင်းကို လျှောင်ထွက်လမ်းခွဲသွားတဲ့ချစ်သူနဲ့၊ အရာရာကို တယောက်ထဲရင်ဆိုင် ခဲ့ရတဲ့အမေဟာ အထီးကျန်မှုက သူ့ကို တော်တော်ပြောင်းသွားစေခဲ့တယ် ထင်ပါတယ်။

အဲ့ဒိညတုန်းက အိပ်သွားပြီး ကျွန်တော်အခုထိ အိပ်မက်ထဲ မှာပဲလား၊ ဒါမှမဟုတ်
ကျွန်တော့် တစိတ်တပိုင်းများ အဲ့ဒိထဲပါသွားတာလား ကျွန်တော်လဲမသိပါဘူး၊
ဒါပေမဲ့ ကျွန်တော့် အရာရာမှာ အရမ်း empty (ဗလာသက်သက်) ဖြစ်နေတာကြာပါပီ။ ဘာဆိုတကယ်
ဘာမှကိုမရှိတာပါ။ ပျော်ပြဖို့လိုလာတယ်၊ အလိုမတူပဲ ပြုံးပြလာရတယ်၊
တယောက်ထဲပဲအတက်နိုင်ဆုံးနေခြင်လာတယ်။ စကားနည်းသွားတယ် ဘာတွေဆက်ဖြစ်မလဲ
ကျွန်တော်လဲမသိသေးဘူး။ Resurrection ဆိုတာမျိုးများ miracle
တစ်ခုလိုကြုံနိုင်ဖို့ရှိလား ဒီလိုပဲ အခွံကြီးသက်သက် ကျွန်တော်ကျန်နေမလား
ကျွန်တော် မသိပါဘူး။ အချိန်ကတော့ အရာရာပါပဲ၊ ဘုရားပါပဲ၊ တရားပါပဲ၊
ကျွန်တော့်လို လူတယောက်အတွက်တော့ ခင်ဗျားတို့ကို နောက်တခါပြောပြစရာ
နောက်ပုံပြင် အခန်းဆက်တွေတော့ ရှိနေဦးမှာပါ။

To be continue..

Uncategorized

#27

အသက်ကြီးလာတာပေါ့ ရင့်ကျက်လာတာမျိုးဆိုတာ ကျွန်တော့အတွက်အတွက်တော့
ကိုယ့်ကိုကိုတောင် မမှတ်မိတော့တဲ့ လူစိမ်းတယောက်ဖြစ်သွားတာပဲ၊ လွန်ခဲ့တဲ့
၁နှစ်ကျော်ကျော်အထိ သောကြာညဆိုရင် မကြည့်နဲ့ တနင်္ဂနွေ ထိမူးဖို့ပြင်မယ်
သွားမယ် လာမယ်၊ single ဖြစ်နေချိန်ဆို ရံဖန်ရန်ခါ Facebook
ပေါ်မှာဖွန်လိုက်ကြောင်မယ်၊ ဂစ်တာတီးဖြစ်မယ်ဆို ခပ်ဆူဆူညံညံလေးတွေပါမယ်၊ KTV
မှာ အငဲသီချင်းတွေကို တပတ်လုံးအသံဝင်တဲ့အထိအော်မယ်။ တခါတခါ
ကားလေးဆိုင်ကယ်လေးကို တဘူးဘူးမည်အောင်မောင်းမယ်စီးမယ်။ Attention seeker
လိုပဲ။
ဒီနေ့မှသေသေခြာခြာစဉ်းစားမိတာ
အခုနောက်ပိုင်းတနှစ်နီးပါးလောက်မှာ၊ အပြင်ထက် အိမ်ပိုကပ်လာတယ်၊
အရက်တွေဘာတွေဆို နောက်ဆုံးဘယ်တုန်းကသောက်ဖြစ်လဲမမှတ်မိနိုင်ဘူး၊ ဆေးလိပ်ကို
တိကနဲကိုဖြတ်ချပလိုက်တာ အေးဆေးပဲ၊ ဖွန်ကြောင်ဖို့မပြောနဲ့
ကိုယ့်ဟာကိုတောင်တော်ယုံ စကားအပိုသိပ်မပြောခြင်ဘူးရယ်။
ဝေဝေဝါးဝါအနေအထားဖြစ်စေနိုင်တဲ့ဆေးဝါးဆိုဝေး၊ စာအုပ်ဖတ်မယ်၊
ရုပ်ရှင်ကြည့်မယ်၊ စာလေးဘာလေးပုံစံအသစ်းလေးနဲ့ပြန်ရေးမယ်၊ Damien Rice
ပိုကြိုက်လာတယ်၊ Aerosmith ထက် Bob Dylan ပိုကြိုက်လာတယ်၊ Attention seek
လုပ်ဖို့မပြောနဲ့ ကိုအခန်းထဲမှာရှိနေတာ ကိုယ့်အမေသိတာတောင်
သိပ်သဘောမကြခြင်ဘူး၊ ဘယ်သူနဲ့တွေ့တွေ့
မမြင်ခြင်ယောင်ဆောင်ပြီးကျော်သွားစေခြင်တာက အမော၊
အလိုမတူပြုံးပြရတာလဲဒုက္ခတခုလိုပဲ။ အလကားနေရင်းလေးလေးနက်နက်စဉ်းစားမယ်
၂ရက်လုံး စားဖို့အစာတွေ ကြောင်ငါးကောင်ကြွေးဖို့အစာတွေလုံလုံလောက်လောက်ဝယ်
အပြင်ကိုထက် မထွက်ခြင်တာ လေလေးတချွန်ချွန်နဲ့တောင် စဉ်းစားလိုက်သေးတယ်
ကိုယ်ဟာ နွေဦး ပုံပြင်ထဲက လိမ္မာတုံး နှံကောင်လေးပါလားလို့
အစာလေးဘာလေးစုနေတာ အပြင်၂ရက်လုံးမထွက်ခြင်လို့။
အဲ့ဒါတွေက ကောင်းမလား
ဆိုးမလားတော့ တကယ်မသိဘူးဗျ ဒါပေမဲ့ သေခြာတာက ဒါလဲမြဲမလားပေါ့ အချိန်ဆိုတာက
တရားလဲဖြစ်နိုင်တယ် ဘုရားလဲဖြစ်နိုင်တယ်လေ
ဘယ်တော့မှမထင်တဲ့လူတယောက်ဖြစ်အောင် သူပဲလောကဒဏ်
ပေါင်းတခြားတယောက်အဖြစ်ပြောင်းပေးလိုက်တာ ဒီတော့ ဒါအဆုံးလို့မပြောနိုင်သ၍
ရောက်တဲ့နေရာတင်တဲ့ မှတ်တမ်းဓါတ်ပုံလေးလို ဒီလိုမျိုးလူဖြစ်ဖူးသည်ပေါ့
ပုံစံတမျိုးနဲ့ မှတ်တမ်းလေးတင်ထားခြင်တာပါ။

အခုထိတော့ဒီလောက်ပဲဗျ

Uncategorized

#Murakamist

ကာလ ကြာရှည်စွာခရီးနှင်အပြီးမှာတော့
စဦးမှတ်ကနေ ဘယ်မှ မရောက်ခဲ့မှန်းသိလာရတယ်၊
ဘဝဟာ လမ်းမဘေးက လူမစီးတဲ့ ခြားရဟတ်တစ်ခုပါပဲ။
(အသုံးပြုပြီးလျှင် စနစ်တကြ သိမ်းဆည်းပါ) အသုံးပြုနေစဉ်အတွင်း Restricted
Area ထဲ တွင် မိမိကိုယ်မိမိ လုံခြုံစွာ ထုပ်ပိုးသိမ်းဆည်းပါ။
မိမိကိုမိမိရွံရှာမိခြင်းအား စိတ်ဝေဒနာဟုခေါ်ပါ၊
ထို့နောက်ဆေးသောက်ပါ
တစ်ဘဝလုံးလောက်ဖြစ်ဖြစ် အိပ်နေပါ၊
ရုတ်တရက်ဆို သလို ဘဝဟာ သင်မငြင်းနိုင်မဲ့
ခေတ်ဟောင်းအလွမ်းသီချင်းတွေ ပွင့်လာတက်သော
သီချင်းဖွင့်စက်ဖြစ်ကြောင်းသိရှိရပါမည်။
“အမျှော်ကြာလဲမရောက်တဲ့ စိတ်ညစ်စရာကင်းကွာစေမဲ့မနက်ဖြန် _ စိုင်းခမ်းလိတ်”
အထက်ပါ သီချင်းစာသားအား အားရပါးရလိုက်ဆိုပါ။
Reality ရဲ့ အစစ်အမှန်ဖက်အခြမ်းကို
အမဲလိုက်အက(သီချင်း) ဖြင့်သာ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
ထို့နောက် ဘဝသည် ထို သီချင်းဖွင့်စက်မဟုတ်ပဲ
သင်သည် သီချင်းခွေဖြစ်ကြောင်း ဝမ်းနည်းစွာသိရှိရပါမည်။
ထိုသီချင်းသံများအား အဖက်ဖက်က ရွံရှာလာသည့်အခါ
ကြမ္မာဘက်က ရွေးခြယ်အဖွင့်မခံရဖို့ ဆုတောင်းမိလာတာပေါ့၊
ဖြူလာတဲ့ ဆံပင်တွေဟာ
တိပ်ခွေတွေမှိုတက်ကြောင်းမှာ
ဝမ်းမြောက်တယ်။
ဘဝဆိုတာ သီချင်းဖွင့်စက်နဲ့တွဲချည်ခံထားရတဲ့
ခြား ရဟတ် တစ်ခုပေါ့ကွယ်။