Posts

Showing posts from July, 2018

Murakamist: The faded shadows

Image
ဘဝဆိုတာကကိုယ့်လိုတချို့ အတွက်  ပျင်းစရာခရီးရှည်တစ်ခုပဲလေ
အဖော်မပါတယောက်ထဲဆိုတာထက် တသက်လုံးပါဆိုတဲ့ ခေတ္တခရီးဖော်တွေ ဖောက်ဖြဲလို့ ပေါက်ပြဲခဲ့တဲ့ အပေါက်တွေကို  စနစ်တကြချုပ်ယူခဲ့သယ်ဆောင်ခဲ့ရ
မှတ်ညဏ်တွေ အမာရွတ်တွေနဲ့  ဒဏ်ရာအသစ်တွေဟာတော့  သွားလေရာပါခဲ့လေရဲ့
ပျော်စရာနေ့တွေ ဝမ်းနည်းမှုတွေနဲ့  လူရာဝင်မှုတွေ အပယ်ခံ ဘဝ  ဒါမျိုးကတော့ ဒို့အကုန် ကြုံနေကြပါပဲလေ
ကမ်းခြေဘက်က နေထွက်လာတဲ့အလှတရား စေတီအိုတွေပေါ်က သမိုင်းတိုင်းရဲ့ အဆုံးသတ် နေဝင်ချိန်တွေကို အသေအခြာ ခံစားနိုင်ခဲ့ရဲ့
ငါတို့ဟာ သက်ဝင် ယုံကြည်မှု ကိုတွေ့တဲ့ အခါ သံသယကို ရွေးချယ်ခဲ့ကြ  သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ ကိုတွေ့တဲ့အခါ ခွဲခွာခြင်းကို ရွေးချယ်ခဲ့ကြ  နောင်တဆိုတာနဲ့ တွဲပြီး ဒီအကြောင်းတွေလည်းမပြောချင်ခဲ့ပါဘူးလေ
တောင်တန်းတွေ ရဲ့ အလှတရား ရွှေရောင် ကမ်းခြေတွေအကြောင်း အသေအခြာ ထုစစ်ထားတဲ့ ဘုရားစေတီ  တချို့ရဲ့သမိုင်း  မှတ်ညဏ်တွေတိုင်းဟာ ဓါတ်ပုံတွေသာဆို အမြဲတမ်း ငါတို့တယောက်ပဲပါခဲ့မှာအသေခြာပဲ
ဘာလင်တံတိုင်း ရောမမြို့ခုံရုံး ရဲ့နေဝင်ချိန် မိသားစုမပါ တစ်ယောက်ထဲ ထိုင်ကြည့်ခဲ့တဲ့ Disney ကမ္ဘာရဲ့ ညအချိန် မီးရှုးမီးပန်းတွေအလှ ရာစုနှစ်တွေရဲ့ သမိုင်း အကုန်ဟာ ပြိုလဲကွဲ …