Popular posts from this blog
#SomeScars: BleedingEra
#27
အသက်ကြီးလာတာပေါ့ ရင့်ကျက်လာတာမျိုးဆိုတာ ကျွန်တော့အတွက်အတွက်တော့ ကိုယ့်ကိုကိုတောင် မမှတ်မိတော့တဲ့ လူစိမ်းတယောက်ဖြစ်သွားတာပဲ၊ လွန်ခဲ့တဲ့ ၁နှစ်ကျော်ကျော်အထိ သောကြာညဆိုရင် မကြည့်နဲ့ တနင်္ဂနွေ ထိမူးဖို့ပြင်မယ် သွားမယ် လာမယ်၊ single ဖြစ်နေချိန်ဆို ရံဖန်ရန်ခါ Facebook ပေါ်မှာဖွန်လိုက်ကြောင်မယ်၊ ဂစ်တာတီးဖြစ်မယ်ဆို ခပ်ဆူဆူညံညံလေးတွေပါမယ်၊ KTV မှာ အငဲသီချင်းတွေကို တပတ်လုံးအသံဝင်တဲ့အထိအော်မယ်။ တခါတခါ ကားလေးဆိုင်ကယ်လေးကို တဘူးဘူးမည်အောင်မောင်းမယ်စီးမယ်။ Attention seeker လိုပဲ။ ဒီနေ့မှသေသြေ ခာခြာစဉ်းစားမိတာ အခုနောက်ပိုင်းတနှစ်နီးပါးလောက်မှာ၊ အပြင်ထက် အိမ်ပိုကပ်လာတယ်၊ အရက်တွေဘာတွေဆို နောက်ဆုံးဘယ်တုန်းကသောက်ဖြစ်လဲမမှတ်မိနိုင်ဘူး၊ ဆေးလိပ်ကို တိကနဲကိုဖြတ်ချပလိုက်တာ အေးဆေးပဲ၊ ဖွန်ကြောင်ဖို့မပြောနဲ့ ကိုယ့်ဟာကိုတောင်တော်ယုံ စကားအပိုသိပ်မပြောခြင်ဘူးရယ်။ ဝေဝေဝါးဝါအနေအထားဖြစ်စေနိုင်တဲ့ဆေးဝါးဆိုဝေး၊ စာအုပ်ဖတ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ စာလေးဘာလေးပုံစံအသစ်းလေးနဲ့ပြန်ရေးမယ်၊ Damien Rice ပိုကြိုက်လာတယ်၊ Aerosmith ထက် Bob Dylan ပိုကြိုက်လာတယ်၊ Attention seek လုပ်ဖို့မပြောနဲ့ ကိုအခန်းထဲမှာရှိနေတာ ကိုယ့်အမေ
Comments
Post a Comment