#Murakamist

ကာလ ကြာရှည်စွာခရီးနှင်အပြီးမှာတော့
စဦးမှတ်ကနေ ဘယ်မှ မရောက်ခဲ့မှန်းသိလာရတယ်၊
ဘဝဟာ လမ်းမဘေးက လူမစီးတဲ့ ခြားရဟတ်တစ်ခုပါပဲ။
(အသုံးပြုပြီးလျှင် စနစ်တကြ သိမ်းဆည်းပါ) အသုံးပြုနေစဉ်အတွင်း Restricted Area ထဲ တွင် မိမိကိုယ်မိမိ လုံခြုံစွာ ထုပ်ပိုးသိမ်းဆည်းပါ။
မိမိကိုမိမိရွံရှာမိခြင်းအား စိတ်ဝေဒနာဟုခေါ်ပါ၊
ထို့နောက်ဆေးသောက်ပါ
တစ်ဘဝလုံးလောက်ဖြစ်ဖြစ် အိပ်နေပါ၊
ရုတ်တရက်ဆို သလို ဘဝဟာ သင်မငြင်းနိုင်မဲ့
ခေတ်ဟောင်းအလွမ်းသီချင်းတွေ ပွင့်လာတက်သော
သီချင်းဖွင့်စက်ဖြစ်ကြောင်းသိရှိရပါမည်။
“အမျှော်ကြာလဲမရောက်တဲ့ စိတ်ညစ်စရာကင်းကွာစေမဲ့မနက်ဖြန် _ စိုင်းခမ်းလိတ်”
အထက်ပါ သီချင်းစာသားအား အားရပါးရလိုက်ဆိုပါ။
Reality ရဲ့ အစစ်အမှန်ဖက်အခြမ်းကို
အမဲလိုက်အက(သီချင်း) ဖြင့်သာ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
ထို့နောက် ဘဝသည် ထို သီချင်းဖွင့်စက်မဟုတ်ပဲ
သင်သည် သီချင်းခွေဖြစ်ကြောင်း ဝမ်းနည်းစွာသိရှိရပါမည်။
ထိုသီချင်းသံများအား အဖက်ဖက်က ရွံရှာလာသည့်အခါ
ကြမ္မာဘက်က ရွေးခြယ်အဖွင့်မခံရဖို့ ဆုတောင်းမိလာတာပေါ့၊
ဖြူလာတဲ့ ဆံပင်တွေဟာ
တိပ်ခွေတွေမှိုတက်ကြောင်းမှာ
ဝမ်းမြောက်တယ်။
ဘဝဆိုတာ သီချင်းဖွင့်စက်နဲ့တွဲချည်ခံထားရတဲ့
ခြား ရဟတ် တစ်ခုပေါ့ကွယ်။

Comments

Popular posts from this blog

#Chapters: Empty inside

Murakamist: The faded shadows