#Chapters: Empty inside





ဘဝရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ ရန်ကုန်မြို့ကြီးရယ် ငါဖျားဆဲ... ~ ဟန်ထူးလွင်

Horror စာအုပ်တွေ Ghost Fiction Drama ရုပ်ရှင်တွေ စာအုပ်တွေ စမယ်ဆို၊

"ကျွန်တော့်ဘဝက တော်တော်လေး ရှုပ်ထွေးနေတယ်ပဲပြောရမယ် ဘာလို့လဲဆို ကျွန်တော် ဘာလို့ဒီနေရာရောက်နေလဲတော့ မမှတ်မိဘူး ဒါပေမဲ့ ကျွန်တော့် အလောင်းဘေးမှာ အမေ ငိုတာ ကို ရပ်ဖို့ပြောနေတာ အတော်ကြာပြီ ကျွန်တော် မသေပါဘူးဆို၊ အမေရာ မငိုပဲနဲ့ သားရှိသေးတယ်ကနေ လက်စားချေစရာရှိတာချေရမယ်၊ ရတနာ သေတ္တာအကြောင်းကို တစ္စေတွေ ဝိညဉ် တွေ မြင်ရတဲ့ မင်းသမီးချောချောလေးစီသွားမယ်၊ အမေ့ကိုပြောပြမယ် ဇာတ်သိမ်းမှာ နိုင်ငံခြားကားဆို ကောင်းကင်ကအလင်းတန်းကြီကျလာမယ် မြန်မာရုပ်ရှင်ဆို ဘုန်းကြီးတွေအမျှဝေမယ် အမေလှမ်းကြည့်တဲ့အချိန် ပြုံးပြပြီး ပြောက်သွားရမယ်။ "


But ဒါက ကျွန်တော် ဘယ်လိုဆုတောင်းတောင်း စိတ်ကူးယဉ် ဆန်ဆန် ပုံပြင် ဝတ္ထု ဇာလမ်း တပုဒ် တကယ်မဖြစ်နိုင်တာတော့ အသေခြာပဲ။ အပေါ်က ဟာတွေဘာလို့ပြောနေတာလဲဆိုတော့ အဲ့ဒိလို
ခပ်ဆင်ဆင်တူပြီး လုံးဝ ကွဲပြားတဲ့ ကိစ္စတစ်ခုကို ကျွန်တော်ရင်ဆိုင်နေရတာပါပဲ။ လူတွေက သေခြင်ယောင်ဆောင်တက်ကြတယ် လွယ်တယ် လှဲနေမယ် အသက်အောင့်ထား မျက်လုံးပိတ်ထားမယ် ခိုးမကြည့်နဲ့ ဒီလောက်ပဲ။ ဒါပေမဲ့ ကျွန်တော်က ရှင်ခြင်ယောင်ဆောင်နေရတာပဲ။ အတော်ခဲယဉ်းတယ်တယ် ဒီကိစ္စက။

လွန်ခဲ့တဲ့၂နှစ်ခွဲလောက်ကလို့ပြောရမယ်
ကျွန်တော် အိပ်ခန်းထဲက Toilet မှာအတော်
ကြိုးကြိုးစားစား စီမံထားတာ၊ ဒီစီမံချက်အစမှာ Forever ဆိုတဲ့ TV Series တစ်ခုကို တော်တော်သေသေခြာခြာကြည့်ရတာ၊ ဇာတ်လမ်း က ထဲက Dr Mogan က သူကမသေနိုင်တာ ဘယ်လိုသေသေ သူက ချောင်းမြစ်တခုခုမှာ အဝတ်ဗလာနဲ့ နိုးနိုးလာတဲ့ Immortal တယောက်က သူသေနိုင်ဖို့ နည်းလမ်းရှာရင်း သေမှုသေခင်းတွေနဲ့ နာကြင်မှုကို Research တစ်ခုလိုလုပ်နေတာမျိုး။ ဥပမာကွာ ရေနစ်သေတဲ့လူက ဘယ်နှမိနစ်က ရုန်းကန်မယ်၊ ဘယ်နှမိနစ်ကြ အသက်ရှူရပ်မယ် နောက် ဘယ်နှမိနစ်ရောက် ရင်တခုခု ပြိုကွဲသွားသလို ခံစားချက်မျိုးနဲ့ သေတယ်ပေါ့ တကယ်လဲကြည့်ကောင်းတဲ့ Series တခုဖြစ်ပေမဲ့ ABC network က ပထမ Season အဆုံးမှာပဲ Cancel လုပ်ခဲ့ပါတယ်။ တချို့အရာတွေက ဒီ
ကမ္ဘာမှာ လှပပေမယ့် ရှင်သန်ခွင့်မရကြဘူး။ ထားပါဒါက စကားကြုံလို့ပြောဖြစ်တာ။

ဒီတော့ ကျွန်တော်က သေမှုသေခင်းအတွက် အသေအခြာကို ပြင်ဆင်ခဲ့တာ၊ လက်မှာတောင် ကိုယ်တကယ်သဘောကြပြီး သူ့တို့ကိုသူတို့ သတ်သေသွားကြတဲ့ Kurt Cobain တို့ Marilyn Monroe တို့ Hemingway ကတော့  အသေအခြာပဲပါတာပေါ့ တကယ်ကြွေတာကိုး သူတို့ပုံတွေနဲ့ quotes တချို့ကို tattoo သွားထိုးလိုက်သေးတယ်။ ဆိုတော့က သေမယ်ဆိုလဲ တကယ့်အသေခြာပြင်ဆင်ပြီးသားကိုယ်တွေက ကြိုးကွင်း အဆင်သင့် နေရာ အိပ်ခန်းထဲက toilet ၊ ကျွန်တော့အိမ်မှာက အမေတို့အဖွားတို့က တံခါးခဏခဏခေါက်တာဖြစ်ဖြစ် တခါလဲ ဇွတ်ဖွင့်ဝင်လာတက်တော့ Privacy က တကယ်ကိုအားနည်းတာ။ အဆင်သင့်ပဲ စပြီ လည်ပင်းမှာကြိုးကွင်းစွပ်တော့ ပြီးလိုအပ်တဲ့ procedure အကုန်လုံးပြီးတော့၊ ပထမဆုံး စက္ကန့်၃စက္ကန့်လောက်ကတော့ ဘာမှသိပ်မထူးပေမဲ့ နောက်ပိုင်း ပထမဆုံးစပြီး မျက်နှာပေါ်မှာလိုလို နားထဲကလိုလို လေတွေထွက်ပြီး အန်းတန်းတန်းကြီးနဲ့ နောက် ၅စက္ကန့်လောက်နေတော့
ပျို့တက်လာရော၊ နောက်တကယ်လျှာက အလိုမတူပဲထွက်လာတယ်၊ ဆွဲကြိုးချသေတာ လျှာထွက်တော့ ပြောင်ပြတယ်ဆို ပါးချလိုက်တယ်ဆိုတဲ့ ပျက်လုံးက အဲ့ဒိခဏမှာ တကယ်မရယ်ရတော့ဘူး
နောက်ဆုံးစက္ကန့်မှာ တကယ် Brief of the time ပေါ့လေ အချိန်လေး စက္ကန့်တိုင်း (milliseconds တခုခြင်းစီအထိ) ခံစားချက်၂မျိုးက တပြိုင်ထဲ ရနေတာ တဖက်က void ပေါ့ အမှောင်ထုတစ်ခုလိုလို ဗလာနယ်တစ်ခုလိုလို ထဲကို တစခြင်းစီပဲပါသွားနေသလိုခံစားရပြီး၊ တခြားတဖက်က ကိုယ်ချစ်တဲ့လူတွေ (လူတွေဆိုတာထက် လူ၂ယောက်ပါ) အမေနဲ့ (တစ်ဘဝစာ အတူအရွယ်အိုတဲ့ထိအတူနေမယ်ဘာညာ ကတိ တွေထားထားတဲ့တယောက်) သူတို့ကလဲ ကျွန်တော့် တစိတ်တပိုင်းကို ပြန်ဆွဲယူနေသလိုပါပဲ 
နောက်တော့ အတွေးတွေ... နောက်တော့ ကျွန်တော့်ကို မေတ္တာတရားကို ငွေကြေးလုပ်ရောင်းပြီး ဒီကြိုးကွင်းထဲပိုအရောက်ပို့ထားတဲ့လူတွေကပဲ တပြန် အမေ့ကို အပြစ်တင်မဲ့ကိစ္စ၊ အဲ့ဒိလောက်ထဲမှာတောင် ဘယ်သူများ ကိုယ့်အတွက် လေထဲက ဖယောင်းတိုင် (Candle in the wind) သီချင်းဆိုမလဲ ဘယ်သူကများ ဘယ်တော့မှမမေ့ဘူး သီချင်းသံ ကြားရရင် မျက်ရည်ဝဲမလဲ စဉ်းစားသေးတယ် ထားပါ နောက်ဆုံးစက္ကန့်လိုလိုမှာပဲ ကိုယ့် ချစ်ခြင်း နဲ့ လုံးဝပြောက်ကွယ်သွားမှု (oblivion ပေါ့) ဟာ နာကျင်မှုပဲလို့ခံစားလာရပြီးနေမယ်လို့ဆုံးဖြတ်ပြီး စတင်ရုန်းကန်တော့တာပဲ။

ပထမဆုံး လက်နဲ့ခေါင်းပေါ်ကကြိုးကိုဆွဲပြီး လည်ပင်းကကြိုးကို လျော့နိုင်ဖို့ကြိုးစားတယ်
နောက် ကံကောင်းခြင်တော့ လက်ကချည်ထားတဲ့တန်းကိုမှီနိုင်တော့ ပထမဦးဆုံးခိုတယ် လည်ပင်းကကြိုးဖြည်တယ် လက်တဖက်နဲ့ ပြန်ကျကျခြင်း အသက်ကိုမှန်မှန်ရှူဖို့ကြိုးစားတယ် လက်ကောက်ဝတ် နဲ့လည်ပင်းတို့မှာ ပွန်းပဲ့ဒဏ်ရာတွေရတယ်၊ စိတ်ငြိမ်ဆေး နဲ့ ဒိုင်ယာဇီပန် (aka alprazolam) နဲ့ စိတ်ငြိမ်ဆေး ၅လုံး ၆လုံးလောက် သောက်ချပြီး အိပ်လိုက်တယ်။

အိပ်ယာနိုးတော့ နောက်နေ့ ညနေစောင်းပြီ၊ မနေ့ညက ကိုယ့် အဖြစ်အပျက်ကို  American got talent တို့ ဘာတို့လို Show တခုခုလို့သဘောထား ပြီး Jesus Chris တို့ The prophet Mohammad တို့ The Lord Buddha (သူ နိဗာန်စံသွားတယ်ဆိုတဲ့အကြောင်းငြင်းမယ်ဆိုလဲ ဝုခုန်းကားထဲက နတ်တွေကွာ) သူတို့ထိုင်ကြည့်နေမယ် လို့တော့ မထင်ပါဘူး။ ဒါဟာအတော် လူသားမဆန်မဲ့ကိစ္စတစ်ခု ဖြစ်လို့ပါ၊ အရွှန်းဖောက်ပြီးပြောမယ်ဆိုပေမဲ့ ဒါဟာ တကယ့်ကို လူသားတယောက်ရဲ့ ဘဝတခုလုံး ရုပ်ပိုင်း၊ စိတ်ပိုင်း အကုန်လုံကြေကွဲသွားတဲ့ကိစ္စတစ်ခုပါ။

အမေနဲ့သူဟာ ကျွန်တော့်ကို မိုးပျံပူဖောင်းလေးလို လွင့်ထွက်မသွားဖို့ ဘဝကိုချည်ခဲ့တဲ့ကြိုးတွေပါပဲ၊ ရှင်သန်မှုဟာ မကွယ်ကူခဲ့ပါဘူး ဒီကိစ္စတွေ အလွန်မှာ အမေဟာ အမေပီသစွာပဲ ကျွန်တော့် နာကျင်မှုတွေကို မျှယူခဲ့ပါတယ်၊ အခုတော့ မုန်တိုင်းတွေစဲ သွားတဲ့ကောင်းကင်လိုပါပဲ အင်မတန်လှပနေ နိုင်ပါတယ်။ ဒါပေမဲ့ မုန်းတိုင်းကို လျှောင်ထွက်လမ်းခွဲသွားတဲ့ချစ်သူနဲ့၊ အရာရာကို တယောက်ထဲရင်ဆိုင် ခဲ့ရတဲ့အမေဟာ အထီးကျန်မှုက သူ့ကို တော်တော်ပြောင်းသွားစေခဲ့တယ် ထင်ပါတယ်။

အဲ့ဒိညတုန်းက အိပ်သွားပြီး ကျွန်တော်အခုထိ အိပ်မက်ထဲ မှာပဲလား၊ ဒါမှမဟုတ် ကျွန်တော့် တစိတ်တပိုင်းများ အဲ့ဒိထဲပါသွားတာလား ကျွန်တော်လဲမသိပါဘူး၊ ဒါပေမဲ့ ကျွန်တော့် အရာရာမှာ အရမ်း empty (ဗလာသက်သက်) ဖြစ်နေတာကြာပါပီ။ ဘာဆိုတကယ် ဘာမှကိုမရှိတာပါ။ ပျော်ပြဖို့လိုလာတယ်၊ အလိုမတူပဲ ပြုံးပြလာရတယ်၊ တယောက်ထဲပဲအတက်နိုင်ဆုံးနေခြင်လာတယ်။ စကားနည်းသွားတယ် ဘာတွေဆက်ဖြစ်မလဲ ကျွန်တော်လဲမသိသေးဘူး။ Resurrection ဆိုတာမျိုးများ miracle တစ်ခုလိုကြုံနိုင်ဖို့ရှိလား ဒီလိုပဲ အခွံကြီးသက်သက် ကျွန်တော်ကျန်နေမလား ကျွန်တော် မသိပါဘူး။ အချိန်ကတော့ အရာရာပါပဲ၊ ဘုရားပါပဲ၊ တရားပါပဲ၊ ကျွန်တော့်လို လူတယောက်အတွက်တော့ ခင်ဗျားတို့ကို နောက်တခါပြောပြစရာ နောက်ပုံပြင် အခန်းဆက်တွေတော့ ရှိနေဦးမှာပါ။

To be continue..

Comments

Popular posts from this blog

#Murakamist