#27
အသက်ကြီးလာတာပေါ့ ရင့်ကျက်လာတာမျိုးဆိုတာ ကျွန်တော့အတွက်အတွက်တော့
ကိုယ့်ကိုကိုတောင် မမှတ်မိတော့တဲ့ လူစိမ်းတယောက်ဖြစ်သွားတာပဲ၊ လွန်ခဲ့တဲ့
၁နှစ်ကျော်ကျော်အထိ သောကြာညဆိုရင် မကြည့်နဲ့ တနင်္ဂနွေ ထိမူးဖို့ပြင်မယ်
သွားမယ် လာမယ်၊ single ဖြစ်နေချိန်ဆို ရံဖန်ရန်ခါ Facebook
ပေါ်မှာဖွန်လိုက်ကြောင်မယ်၊ ဂစ်တာတီးဖြစ်မယ်ဆို ခပ်ဆူဆူညံညံလေးတွေပါမယ်၊ KTV
မှာ အငဲသီချင်းတွေကို တပတ်လုံးအသံဝင်တဲ့အထိအော်မယ်။ တခါတခါ
ကားလေးဆိုင်ကယ်လေးကို တဘူးဘူးမည်အောင်မောင်းမယ်စီးမယ်။ Attention seeker
လိုပဲ။
ဒီနေ့မှသေသေခြာခြာစဉ်းစားမိတာ အခုနောက်ပိုင်းတနှစ်နီးပါးလောက်မှာ၊ အပြင်ထက် အိမ်ပိုကပ်လာတယ်၊ အရက်တွေဘာတွေဆို နောက်ဆုံးဘယ်တုန်းကသောက်ဖြစ်လဲမမှတ်မိနိုင်ဘူး၊ ဆေးလိပ်ကို တိကနဲကိုဖြတ်ချပလိုက်တာ အေးဆေးပဲ၊ ဖွန်ကြောင်ဖို့မပြောနဲ့ ကိုယ့်ဟာကိုတောင်တော်ယုံ စကားအပိုသိပ်မပြောခြင်ဘူးရယ်။ ဝေဝေဝါးဝါအနေအထားဖြစ်စေနိုင်တဲ့ဆေးဝါးဆိုဝေး၊ စာအုပ်ဖတ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ စာလေးဘာလေးပုံစံအသစ်းလေးနဲ့ပြန်ရေးမယ်၊ Damien Rice ပိုကြိုက်လာတယ်၊ Aerosmith ထက် Bob Dylan ပိုကြိုက်လာတယ်၊ Attention seek လုပ်ဖို့မပြောနဲ့ ကိုအခန်းထဲမှာရှိနေတာ ကိုယ့်အမေသိတာတောင် သိပ်သဘောမကြခြင်ဘူး၊ ဘယ်သူနဲ့တွေ့တွေ့ မမြင်ခြင်ယောင်ဆောင်ပြီးကျော်သွားစေခြင်တာက အမော၊ အလိုမတူပြုံးပြရတာလဲဒုက္ခတခုလိုပဲ။ အလကားနေရင်းလေးလေးနက်နက်စဉ်းစားမယ် ၂ရက်လုံး စားဖို့အစာတွေ ကြောင်ငါးကောင်ကြွေးဖို့အစာတွေလုံလုံလောက်လောက်ဝယ် အပြင်ကိုထက် မထွက်ခြင်တာ လေလေးတချွန်ချွန်နဲ့တောင် စဉ်းစားလိုက်သေးတယ် ကိုယ်ဟာ နွေဦး ပုံပြင်ထဲက လိမ္မာတုံး နှံကောင်လေးပါလားလို့ အစာလေးဘာလေးစုနေတာ အပြင်၂ရက်လုံးမထွက်ခြင်လို့။
အဲ့ဒါတွေက ကောင်းမလား ဆိုးမလားတော့ တကယ်မသိဘူးဗျ ဒါပေမဲ့ သေခြာတာက ဒါလဲမြဲမလားပေါ့ အချိန်ဆိုတာက တရားလဲဖြစ်နိုင်တယ် ဘုရားလဲဖြစ်နိုင်တယ်လေ ဘယ်တော့မှမထင်တဲ့လူတယောက်ဖြစ်အောင် သူပဲလောကဒဏ် ပေါင်းတခြားတယောက်အဖြစ်ပြောင်းပေးလိုက်တာ ဒီတော့ ဒါအဆုံးလို့မပြောနိုင်သ၍ ရောက်တဲ့နေရာတင်တဲ့ မှတ်တမ်းဓါတ်ပုံလေးလို ဒီလိုမျိုးလူဖြစ်ဖူးသည်ပေါ့
ပုံစံတမျိုးနဲ့ မှတ်တမ်းလေးတင်ထားခြင်တာပါ။
အခုထိတော့ဒီလောက်ပဲဗျ

Comments
Post a Comment