Posts

Showing posts from June, 2018

#SomeScars: Heroin

တစ်ခါက Redbull သောက်ပြီး High ဖြစ်နေတက်တဲ့ ကောင်မလေးတယောက်ကို တော်တော်လေးချစ်ဖူးတယ်။
ကတိတွေအကုန် ပျက်(ဖြတ်)သွားတဲ့နောက်
ကိုယ့်အတွက်ကျန်ခဲ့တာ ဘိန်းမဲကို
အစိမ်းလိုက်မြိုချတောင် high မဖြစ်တော့တဲ့ ဒဏ်ရာပဲ။

#Chapters: Empty inside

Image
ဘဝရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ ရန်ကုန်မြို့ကြီးရယ် ငါဖျားဆဲ... ~ ဟန်ထူးလွင်
Horror စာအုပ်တွေ Ghost Fiction Drama ရုပ်ရှင်တွေ စာအုပ်တွေ စမယ်ဆို၊

"ကျွန်တော့်ဘဝက တော်တော်လေး ရှုပ်ထွေးနေတယ်ပဲပြောရမယ် ဘာလို့လဲဆို ကျွန်တော် ဘာလို့ဒီနေရာရောက်နေလဲတော့ မမှတ်မိဘူး ဒါပေမဲ့ ကျွန်တော့် အလောင်းဘေးမှာ အမေ ငိုတာ ကို ရပ်ဖို့ပြောနေတာ အတော်ကြာပြီ ကျွန်တော် မသေပါဘူးဆို၊ အမေရာ မငိုပဲနဲ့ သားရှိသေးတယ်ကနေ လက်စားချေစရာရှိတာချေရမယ်၊ ရတနာ သေတ္တာအကြောင်းကို တစ္စေတွေ ဝိညဉ် တွေ မြင်ရတဲ့ မင်းသမီးချောချောလေးစီသွားမယ်၊ အမေ့ကိုပြောပြမယ် ဇာတ်သိမ်းမှာ နိုင်ငံခြားကားဆို ကောင်းကင်ကအလင်းတန်းကြီကျလာမယ် မြန်မာရုပ်ရှင်ဆို ဘုန်းကြီးတွေအမျှဝေမယ် အမေလှမ်းကြည့်တဲ့အချိန် ပြုံးပြပြီး ပြောက်သွားရမယ်။ "


But ဒါက ကျွန်တော် ဘယ်လိုဆုတောင်းတောင်း စိတ်ကူးယဉ် ဆန်ဆန် ပုံပြင် ဝတ္ထု ဇာလမ်း တပုဒ် တကယ်မဖြစ်နိုင်တာတော့ အသေခြာပဲ။ အပေါ်က ဟာတွေဘာလို့ပြောနေတာလဲဆိုတော့ အဲ့ဒိလို
ခပ်ဆင်ဆင်တူပြီး လုံးဝ ကွဲပြားတဲ့ ကိစ္စတစ်ခုကို ကျွန်တော်ရင်ဆိုင်နေရတာပါပဲ။ လူတွေက သေခြင်ယောင်ဆောင်တက်ကြတယ် လွယ်တယ် လှဲနေမယ် အသက်အောင့်ထား မျက်လုံးပိတ်ထားမယ် …

#Just Another Brick in the Wall

Image

#27

အသက်ကြီးလာတာပေါ့ ရင့်ကျက်လာတာမျိုးဆိုတာ ကျွန်တော့အတွက်အတွက်တော့ ကိုယ့်ကိုကိုတောင် မမှတ်မိတော့တဲ့ လူစိမ်းတယောက်ဖြစ်သွားတာပဲ၊ လွန်ခဲ့တဲ့ ၁နှစ်ကျော်ကျော်အထိ သောကြာညဆိုရင် မကြည့်နဲ့ တနင်္ဂနွေ ထိမူးဖို့ပြင်မယ် သွားမယ် လာမယ်၊ single ဖြစ်နေချိန်ဆို ရံဖန်ရန်ခါ Facebook ပေါ်မှာဖွန်လိုက်ကြောင်မယ်၊ ဂစ်တာတီးဖြစ်မယ်ဆို ခပ်ဆူဆူညံညံလေးတွေပါမယ်၊ KTV မှာ အငဲသီချင်းတွေကို တပတ်လုံးအသံဝင်တဲ့အထိအော်မယ်။ တခါတခါ ကားလေးဆိုင်ကယ်လေးကို တဘူးဘူးမည်အောင်မောင်းမယ်စီးမယ်။ Attention seeker လိုပဲ။
ဒီနေ့မှသေသေခြာခြာစဉ်းစားမိတာ အခုနောက်ပိုင်းတနှစ်နီးပါးလောက်မှာ၊ အပြင်ထက် အိမ်ပိုကပ်လာတယ်၊ အရက်တွေဘာတွေဆို နောက်ဆုံးဘယ်တုန်းကသောက်ဖြစ်လဲမမှတ်မိနိုင်ဘူး၊ ဆေးလိပ်ကို တိကနဲကိုဖြတ်ချပလိုက်တာ အေးဆေးပဲ၊ ဖွန်ကြောင်ဖို့မပြောနဲ့ ကိုယ့်ဟာကိုတောင်တော်ယုံ စကားအပိုသိပ်မပြောခြင်ဘူးရယ်။ ဝေဝေဝါးဝါအနေအထားဖြစ်စေနိုင်တဲ့ဆေးဝါးဆိုဝေး၊ စာအုပ်ဖတ်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ စာလေးဘာလေးပုံစံအသစ်းလေးနဲ့ပြန်ရေးမယ်၊ Damien Rice ပိုကြိုက်လာတယ်၊ Aerosmith ထက် Bob Dylan ပိုကြိုက်လာတယ်၊ Attention seek လုပ်ဖို့မပြောနဲ့ ကိုအခန်းထဲမှာရှိနေတာ ကိုယ့်အမေ…